Local News

မန္တလေးဈေးကွက်သို့ မိုးပဲတီစိမ်းအသစ်များ အဝင်လှိုင်ပြီးအရောင်းသွက်နေ

Last Updated:

ဇွန်လ တတိယပတ်အတွင်း မန္တလေးကုန်စည်ဒိုင်ဈေးကွက်သို့  စစ်ကိုင်း၊ ရွှေဘို၊ ဝက်လက်၊ ကျောက်ဆည်၊ ကူမဲ၊ သဲတော၊ဝမ်းတွင်းနှင့် မတ္တရာဘက်မှ မိုးပဲတီစိမ်းအသစ်များလှိုင်လှိုင်ဝင်နေပြီး၊ တရုတ်ဝယ်လက်ရှိသောကြောင့် အဝယ်သွက်နေကြောင်း၊ ပဲအသစ်၊အဟောင်း နှစ်မျိုးစလုံး အရည်အသွေးပေါ်မှုတည်၍  အရောင်းအဝယ်ဖြစ်နေကြောင်းသိရသည်။

မန္တလေးကုန်စည်ဒိုင်တွင်ဖြစ်ပေါ်ခဲ့သည့်ပဲတီစိမ်းသုံးတင်း တစ်အိတ်ဈေးနှုန်းများမှာ-

ပဲတီစိမ်း(အညာ) ၅၆.၂၅ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ် ကျပ် ၁၁၅၀၀၀မှ ၁၃၈၀၀၀၊ ယခင်တစ်ပတ် ကျပ် ၁၂၀၀၀၀မှ ၁၄၂၀၀၀၊ ယခင်လကျပ် ၁၄၃၀၀၀မှ ၁၄၅၀၀၀ဖြစ်သည်။ ယခင်တစ်ပတ်ထက် ကျပ် ၄၀၀၀မှ ၅၀၀၀၊ ယခင်လထက်ကျပ် ၇၀၀၀မှ ၂၈၀၀၀ကျပ် ဈေးနိမ့်ကျလာသည်။

ပဲတီစိမ်းရွှေဝါ(ခရမ်း) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတ်လျှင် ယခုတစ်ပတ်ကျပ် ၁၅၃၀၀၀မှ ၁၅၄၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၅၃၀၀၀မှ ၁၅၄၀၀၀၊ ယခင်လကျပ် ၁၅၂၀၀၀မှ ၁၅၃၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်အတိုင်းဈေးငြိမ်နေပြီး၊ ယခင်လထက်ကျပ် ၁၀၀၀ ဈေးနိမ့်လာသည်။

ပဲတီစိမ်းရွှေဝါ (လမ်း) ၅၆.၂၅ ပိဿာဝင် သုံးတင်းတစ်အိတလျှင် ယခုတစ်ပတ်ကျပ်၁၃၅၀၀၀မှ ၁၄၅၀၀၀၊ ယခင်တစ်ပတ်ကျပ် ၁၃၅၀၀၀မှ ၁၄၇၀၀၀၊  ယခင်လကျပ် ၁၃၅၀၀၀မှ ၁၄၇၀၀၀ ဖြစ်ခဲ့သည်။ ယခင်တစ်ပတ်၊ယခင်လထက် ကျပ် ၂၀၀၀ ဈေးနိမ့်ကျလာသည်။

 

ရတနာပုံကုန်သွယ်မှုဗဟိုဌာန

 

Category: Local News